ရေမကူးခင် လက်ဝတ်ရတနာတွေကို ချွတ်ထားသင့်တဲ့အချက် (၄) ချက်

Blog Image

ဒီတစ်ပတ်မှာတော့ ရေမကူးခင် လက်ဝတ်ရတနာလေးတွေကို ဘာကြောင့်ချွတ်ထားသင့်တာလဲဆိုတဲ့ အချက်လေး (၄) ချက်ကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။


ပထမဆုံးအချက်ကိုပြောရမယ်ဆိုရင် ရေမကူးခင် လက်ဝတ်ရတနာလေးတွေကို ဦးစွာချွတ်ထားဖို့ပါပဲ၊ ဘာကြောင့်လဲဆိုရင် ရေရဲ့ ဖိအားကြောင့် တစ်ချို့သောကျောက်ပါတဲ့ လက်ဝတ်ရတနာအထည်တွေမှာဆိုရင် Setting တွေလျော့ရဲပျက်စီးလာပြီး ပျောက်ဆုံးတာမျိုးတွေဖြစ်တတ်လို့ပါပဲ။


ဒုတိယအချက်ကတော့လူတွေသိပ်သတိမထားမိပဲ အမှုမဲ့၊အမှတ်မဲ့ဖြစ်တတ်တာလေးပါ၊အဲ့ဒါကဘာလဲဆိုရင် အရေပြားဟာ ရေရဲ့ အစိုဓာတ်ကြောင့် လျော့ကျအိစင်းလာပြီး လက်ဝတ်ရတနာတွေဟာ အလွယ်တကူ လျှောကျပျောက်ဆုံးတာမျိုးတွေဖြစ်တတ်တာပါ၊ အထူးသဖြင့် ပင်လယ်ကမ်းခြေမှာ ရေကူးတဲ့သူတွေမှာ ပိုပြီးတော့အဖြစ်များတာကိုတွေ့ရပါတယ်။


တတိယအချက်အနေကတော့ ရေကူးကန်မှာပါတဲ့ Chlorine တွေ၊ပင်လယ်ရေမှာပါတဲ့ Salt (Chemical အခေါ်အရ Nacl ) တွေကလည်း အချိန်ကြာလာတာနဲ့အမျှ သတ္တုတွေကိုညစ်ညမ်းစေပြီးအရောင်ပြောင်းတာမျိုးတွေ၊ အရောင်မွဲခြောက်တာမျိုးတွေ ဖြစ်စေပါတယ်၊ရွှေနဲ့ရောစပ်ထားတဲ့ 18k လိုသတ္တုစပ်တွေကိုလည်း ဒီ Side Effect ကသက်ရောက်စေပါတယ်။


နောက်ဆုံးအချက်ကတော့ အရေပြားနဲ့ပတ်သက်ပြီး Allergic ရှိတဲ့သူတွေအနေနဲ့သတိထားရမယ့်အချက်ပါ၊  ဒီအချက်ကတော့ လူနည်းစုလောက်မှာပဲတွေ့ရပေမယ့် သိထားသင့်တဲ့အချက်တစ်ချက်ပါပဲ၊အဲ့ဒါကဘာလဲဆိုရင် ရေကူးကန်မှာပါတဲ့ Chlorine တွေ၊ ပင်လယ်ရေမှာပါတဲ့ Salt တွေဟာ သတ္တုတွေနဲ့ဓာတ်ပြုပြီး တစ်ချို့သောအရေပြားနဲ့ဓာတ်မတည့်တဲ့သူတွေမှာ Allergic ဖြစ်တတ်တာကြောင့်ပါပဲ၊  ဒါ့ကြောင့် ရေမကူးခင်မှာ ကိုယ့်ရဲ့ လက်ဝတ်ရတနာလေးတွေကို ဂရုတစိုက်ချွတ်ထားပေးရမှာဖြစ်ပါတယ်၊ နောက်အပတ်တွေမှာလည်း ဒီလို ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို မျှဝေပေးသွားဦးမယ်နော်။


Recent Blogs

Blog Image
Oct 29th, 2024 ပလက်တီနမ် (Platinum) ဟာ မီးခိုးဖြူရောင်ရှိပြီးသိပ်သည်းဆများတဲ့ ရှားပါးသတ္တုတစ်မျိုးဖြစ်ပါတယ်။
Blog Image
Oct 29th, 2024 အထင်ရှားဆုံးစိန်ဖြစ်တဲ့ ကမ္ဘာ့အကြီးမားဆုံး Cullinan Diamond ကြီးကို 1905 ခုနှစ်တွင် ပရီးမီးယား (Premier Mine) တွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်