ကမ္ဘာ့အကြီးမားဆုံး Cullinan စိန်အကြောင်း
အထင်ရှားဆုံး စိန်တွေထဲကတစ်ခုဖြစ်တဲ့ ကမ္ဘာ့အကြီးမားဆုံး Cullinan စိန်အရိုင်းတုံးကြီးကို 1905 ခုနှစ်၊ (26) January မှာ တောင်အာဖရိကရှိ ၊ ပရီးမီးယား (Premier Mine) တွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်၊ ယခုအခါမှာတော့ Cullinan Mine လို့ လူသိများပါတယ်။
Cullinan Diamond ဟုအမည်တွင်ခဲ့ပုံ
Cullinan Diamond လို့အမည်တွင်ခဲ့ပုံကတော့ မိုင်းတွင်းပိုင်ရှင် Thomas Cullinan ရဲ့ စိန်မိုင်းတွင်းမှာတွေ့ရှိခဲ့တာကြောင့် Cullinan Diamond ဆိုပြီး ခေါ် ဝေါ် ခဲ့ကြတာဖြစ်ပါတယ်။
Cullinan Diamond ကို အရှားပါးဆုံးစိန်အဖြစ် ဘာကြောင့်သတ်မှတ်ထားတာလဲ ?
ပုံမှန်အားဖြင့် တူးဖော်ရရှိတဲ့ စိန်တွေရဲ့ (၈၀) ရာခိုင်နှုန်းဟာ အသားမကောင်းပဲ အပြစ်အနာအဆာများခြင်း၊ အရောင်အသွေးညံ့ဖျင်းခြင်းတို့ကြောင့် လက်ဝတ်ရတနာအဖြစ်အသုံးမပြုနိုင်ပဲ စက်မှုလုပ်ငန်းများတွင်သာအသုံးပြုကြပါတယ်။ သန့်စင်ပြီး အပြစ်အနာအဆာကင်းစင်တဲ့ အလွန်သေးငယ်သော စိန်တစ်ပွင့်ကိုတွေ့ဖို့ရာပင် မလွယ်ကူလှသော်လည်း Cullinan Diamond ကြီးဟာတော့ ထူးခြားစွာဖြင့် အလေးချိန် (3,106 Carats) အထိရှိတဲ့အပြင် အပြစ်အနာအဆာ ကင်းစင်လွန်းပြီး အရောင်အသွေးပိုင်းသာမက သန့်စင်မှု အနေနဲ့ဆိုရင်လည်း ပြောရက်စရာမရှိအောင်ကို အဖက်ဖက်ကပြည့်စုံလွန်းတာကြောင့် အရှားပါးဆုံးစိန်အမျိုးအစားအဖြစ် သတ်မှတ်ခြင်း ခံထားရတာဖြစ်ပါတယ်။
Star of Africa လို့တင်စားကြတဲ့ Cullinan I နဲ့ Cullinan II ဆိုတာ …
Cullinan Diamond ကြီးကို သွေးလိုက်တဲ့အခါမှာတော့ မတူညီတဲ့ Shape တွေနဲ့အတူ စိန်အကြီး (၉) လုံးနဲ့ စိန်အသေး (၉၆) လုံးရရှိလာပါတယ်။ စိန်အကြီး (၉) လုံးကို Cullinan I to IX လို့သတ်မှတ်ခဲ့ပြီး အကြီးဆုံး (၂) လုံးဖြစ်တဲ့ Cullinan I ကို The Great Star of Africa လို့တင်စားခေါ် ဝေါ်ကြပြီး Cullinan II ကိုတော့ The Second Star of Africa လို့တင်စားခေါ် ဝေါ်ခဲ့ကြပါတယ်။
Cullinan I ရဲ့ အလေးချိန်ဟာ (530.2 Carats) အထိရှိပြီး Cutting ကတော့ Pear-Shaped (Drop Cut) ဖြစ်ပါတယ်။
Cullinan II ရဲ့ အလေးချိန်ကတော့ (317.4 Carats) ဖြစ်ပြီး Cutting ကတော့ Cushion Cut ဖြစ်ပါတယ်။