ပလက်တီနမ် ( Platinum ) အကြောင်း တစေ့တစောင်း

Blog Image

  • ပလက်တီနမ် (Platinum) ကို ရှာဖွေတွေ့ရှိခဲ့ပုံ


ပလက်တီနမ်ကို 1735 ခုနှစ်တွင် တောင်အမေရိကရှိ Antonio de Ulloa ကရှာဖွေတွေ့ရှိခဲ့ပါတယ်။ 1822 ခုနှစ်မှာတော့ ရုရှားရှိ Ural တောင်တန်းများမှာ ပလက်တီနမ်ကိုထပ်မံရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။


  • ရှားပါးသတ္တုဖြစ်တဲ့ ပလက်တီနမ် (Platinum) ဆိုတာ


ပလက်တီနမ်ကို (Pt) လို့သင်္ကေတသတ်မှတ်ပြီး ပလက်တီနမ်ဟာ အက်တမ်အမှတ် (၇၈) ဖြစ်တဲ့ ဓာတုဒြပ်စင်တစ်မျိုးဖြစ်ပါတယ်၊ ပလက်တီနမ်ဆိုတဲ့အခေါ်အဝေါ်ဟာ စပိန်စကားလုံး “ပလက်တီနို” မှဆင်းသက်လာတာပဲဖြစ်ပါတယ်။


ပလက်တီနမ်ရဲ့ ပင်ကိုယ်မူလအရောင်ဟာ မီးခိုးဖြူရောင်ဖြစ်ပါတယ်။ ပလက်တီနမ်ဟာ သိပ်သည်းဆများပြီး ရှားပါးတဲ့သတ္တုတစ်မျိုးလည်းဖြစ်ပါတယ်။ နှစ်စဉ်နှစ်စဉ်တိုင်းမှာ ရွှေတန်ချိန် (၃၀၀၀) ကနေ (၃၅၀၀) အထိတူးဖော်ရရှိနိုင်သော်လည်း ပလက်တီနမ်ကိုတော့ တန်ချိန် (၁၆၀) ကနေ (၁၇၀) နီးပါးသာတူးဖော်ရရှိနိုင်ပါတယ်။ ပလက်တီနမ်ကို လက်ဝတ်ရတနာထက် ဓာတ်ခွဲခန်းသုံးကိရိယာများ၊ လျှပ်ကူးပစ္စည်းများ၊ အပူချိန်တိုင်းကိရိယာများ၊ သွားနဲ့ပတ်သက်တဲ့ကိရိယာတွေမှာ အသုံးပြုကြတာများပါတယ်။


ပလက်တီနမ်ဟာ တူးဖော်စရိတ်များပြီးရှားပါးတာကြောင့် ဈေးနှုန်းပိုင်းမြင့်မားပါတယ်၊ ဒါ့ကြောင့် ယနေ့ခေတ်မှာဆိုရင် 18k ရွှေဖြူတွေကို ပလက်တီနမ်အစားထိုးဝတ်ဆင်လာကြပြီပဲဖြစ်ပါတယ်။ 18k ရွှေဖြူတွေမှာဆိုရင် ဒီဇိုင်းလက်ရာဆန်းသစ်ရုံသာမက ပေါက်ဈေးခံစားခွင့်လည်းရှိတာကြောင့် မြန်မာနိုင်ငံမှာဆိုရင် 18k ဈေးကွက်ဟာယနေ့အချိန်ထိတိုင်အောင်ကို ခေတ်စားနေဆဲဖြစ်ပါတယ်။

Recent Blogs

Blog Image
Oct 29th, 2024 အထင်ရှားဆုံးစိန်ဖြစ်တဲ့ ကမ္ဘာ့အကြီးမားဆုံး Cullinan Diamond ကြီးကို 1905 ခုနှစ်တွင် ပရီးမီးယား (Premier Mine) တွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်
Blog Image
Oct 28th, 2024 Rhodium သတ္တုဟာ ရှားပါးပြီးတန်ဖိုးကြီးတဲ့ သတ္တုတစ်မျိုးဖြစ်ပါတယ်။