White Gold မှာပါတဲ့ Rhodium သတ္တုအကြောင်း

Blog Image

White Gold မှာပါတဲ့ Rhodium သတ္တုအကြောင်း 


Rhodium သတ္တုဟာ ရှားပါးပြီးတန်ဖိုးကြီးတဲ့ သတ္တုတစ်မျိုးဖြစ်ပါတယ် ၊သူ့ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိကတော့ လက်ဝတ်ရတနာတွေကို တောက်ပြောင်စေပြီးအရောင်မွဲခြောက်ခြင်းမှကာကွယ်ပေးပါတယ်။ အထူးသဖြင့် Rhodium သတ္တုကို ရွှေဖြူ (White gold) နဲ့ငွေထည် (Silver Jewelry) လက်ဝတ်ရတနာတွေကိုတောက်ပြောင်စေဖို့အတွက် အရောင်တင်တဲ့နေရာမှာ အသုံးများပါတယ်။ 


Rhodium သတ္တုရဲ့ ငွေဖြူရောင်ရှိပြီး တောက်ပစေတဲ့အသွင်အပြင်ကြောင့်ပဲ ရွှေဖြူလိုလက်ဝတ်ရတနာတွေဟာ စွဲမက်ဖွယ်ကောင်းတဲ့အဆင်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Rhodium သတ္တုဟာ မာကျောတဲ့သတ္တုတစ်မျိုးဖြစ်တာကြောင့်လက်ဝတ်ရတနာတွေကို ခြစ်ရာများမှကာကွယ်နိုင်သလို အလွယ်တကူပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။


ဒါ့အပြင် Rhodium သတ္တုဟာ Acidic Substances (အက်ဆစ်ပါဝင်တဲ့ပစ္စည်း) နဲ့ Moisture လို Chemical ပါဝင်တဲ့ပစ္စည်းတွေနဲ့ထိတွေ့ရင်တောင် အလွယ်တကူ မတိုက်စားနိုင်ပဲ အရောင်ကျဖို့မလွယ်ကူပါဘူး။ ဒါ့ကြောင့် ရွှေဖြူတွေရဲ့ တောက်ပမှုကိုတာရှည်ခံအာင် Rhodium သတ္တုဖြင့်အရောင်တင်ပေးတာဖြစ်ပါတယ်။


Recent Blogs

Blog Image
Oct 29th, 2024 ပလက်တီနမ် (Platinum) ဟာ မီးခိုးဖြူရောင်ရှိပြီးသိပ်သည်းဆများတဲ့ ရှားပါးသတ္တုတစ်မျိုးဖြစ်ပါတယ်။
Blog Image
Oct 29th, 2024 အထင်ရှားဆုံးစိန်ဖြစ်တဲ့ ကမ္ဘာ့အကြီးမားဆုံး Cullinan Diamond ကြီးကို 1905 ခုနှစ်တွင် ပရီးမီးယား (Premier Mine) တွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်