စိန်ချစ်သူတိုင်း မဖြစ်မနေ သိထားရမယ့် GIA အကြောင်း (အပိုင်း - ၂)

Blog Image

GIA နဲ့ပတ်သက်ပြီး လူတော်တော်များများအသိမှားနေတဲ့အချက်နှစ်ချက်ရှိပါတယ်၊အဲ့ဒါကဘာလဲဆိုရင် စိန်ပွင့်တိုင်းက GIA Card နဲ့လာတယ်လို့ထင်မှတ်နေတာပါပဲ၊ တကယ်က GIA Certificate (GIA Card) ကို စိန်ပွင့်တိုင်းအတွက်ထုတ်ပေးတာမဟုတ်ပဲ (0.3) Carat နဲ့အထက်(မြန်မာအခေါ် အဝေါ် သုံးလုံးစီးနဲ့အထက်) စိန်ပွင့်တွေကိုသာထုတ်ပေးတာဖြစ်ပါတယ်။ 


ဒါဆိုရင် သုံးလုံးစီးနဲ့အထက် စိန်ပွင့်တွေကို GIA က Certificate ဘာလို့မထုတ်ပေးတာလဲလို့ မေးစရာရှိပါတယ်၊ဒါဟာဘာလို့လဲဆိုရင် အလွန်သေးငယ်တဲ့ စိန်ပွင့်တွေကို 4C’s နဲ့တိုင်းတာစစ်ဆေးဖို့ရာ မလွယ်ကူတဲ့အပြင် Lab စစ်ချက်နဲ့ Certificate အတွက် ကုန်ကျစရိတ်ထပ်ပေးရမယ်ဆိုရင် ရောင်းသူ‌ကော၊ဝယ်သူအတွက်ကော အဆင်မပြေလှတာကြောင့်ပါပဲ။ 


နောက်ထပ်တစ်ချက်ကတော့ စိန်ရဲ့ Quality ကို Grading သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းဟာ GIA အပြင် HRD, IGI, EGL တို့လို အဖွဲ့အစည်းတွေရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာတော့ GIA ကိုသာလူသိများကြပါတယ်၊ ဒါဟာဘာကြောင့်လဲဆိုရင် စိန်ရဲ့ Quality ကိုသတ်မှတ်တဲ့ GIA ရဲ့ Grading Standard ဟာအခြားသော Lab တွေထက်စံနှုန်းမြင့်မားလို့ပါပဲ။


ဥပမာ -    တစ်ခြားဓာတ်ခွဲခန်းရဲ့  E Color စိန်တစ်ပွင့်ဟာ GIA မှာဆိုရင် တစ်ဆင့်နိမ့်တဲ့ F Color ဖြစ်နေတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။


နောက်အပတ်တွေမှာလည်း ဒီလိုအသိသုတရရှိစေမယ့်အကြောင်းအရာလေးတွေကို မျှဝေပေးသွားဦးမှာပဲဖြစ်ပါတယ်။


Recent Blogs

Blog Image
Oct 29th, 2024 ပလက်တီနမ် (Platinum) ဟာ မီးခိုးဖြူရောင်ရှိပြီးသိပ်သည်းဆများတဲ့ ရှားပါးသတ္တုတစ်မျိုးဖြစ်ပါတယ်။
Blog Image
Oct 29th, 2024 အထင်ရှားဆုံးစိန်ဖြစ်တဲ့ ကမ္ဘာ့အကြီးမားဆုံး Cullinan Diamond ကြီးကို 1905 ခုနှစ်တွင် ပရီးမီးယား (Premier Mine) တွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်