စိန်အကြောင်း သိမှတ်ဖွယ်ရာ အပိုင်း ( ၂ )

Blog Image

စိန်အကြောင်း သိမှတ်ဖွယ်ရာ အပိုင်း ( ၂ )


သဘာဝတွင်းထွက်စိန်တွေဟာဆိုရင် လက်ဝတ်ရတနာအဆင်တန်ဆာအဖြစ်ဝတ်ဆင်နိုင်ရုံသာမက လူတို့ရဲ့ များစွာသောလုပ်ငန်းဆောင်တာတွေမှာလည်း အသုံးဝင်လျက်ရှိပါတယ်။


  • စိန်တွေရဲ့ အသုံးဝင်ပုံ 

သဘာဝတွင်းထွက်စိန်ဟာဆိုရင် မာကြောရုံသာမက မြင့်မားတဲ့အပူဒဏ်ကိုလည်းခံနိုင်စွမ်းရှိပါသေးတယ်၊ ဒါ့ကြောင့် ကမ္ဘာပေါ်ထက် အဆတစ်ရာများတဲ့ ဖိအားနှင့် ၉၂၀ ဖာရင်ဟိုက် ဒီဂရီမျှရှိတဲ့ အပူဒဏ်ကို ခံနိုင်ဖို့အတွက် အာကာသယာဉ်ရဲ့ ပြတင်းပေါက်ကိုလည်း စိန်နဲ့ပြုလုပ်ပေးရပါတယ်၊ ကြယ်တွေရဲ့ အပူချိန်ကို တိုင်းတာတဲ့နေရာမှာ အသုံးပြုတဲ့ နက္ခတ်ကြည့်မှန်ပြောင်းကို လည်း အပူဒဏ်ကိုစုပ်ယူနိုင်စွမ်းကောင်းတဲ့ စိန်နဲ့ပဲပြုလုပ်တာဖြစ်ပါတယ်။


  • စိန်တွေကို ဘယ်လိုနေရာတွေမှာ အသုံးပြုကြလဲ ? 


သဘာဝတွင်းထွက်စိန်တွေမှာဆိုရင် (20%) လောက်ကသာ လက်ဝတ်ရတနာအဖြစ်ဝတ်ဆင်လို့ရတာဖြစ်ပါတယ်။ ကျန်တဲ့ (80%) သော ဆင်မြန်းဖို့အဆင်မပြေတဲ့ စိန်တွေကိုတော့ စက်မှုလုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။

ကျောက်မြတ်ရတနာထဲမှာဆိုရင် စိန်ဟာ မာဆင့် (၁၀) ရှိပြီး အမာကြောဆုံးဖြစ်တာကြောင့် ဖန်၊မှန်၊ကြွေထည်လို မာကြောတဲ့အရာတွေကို ဖြတ်‌တောက်တဲ့လုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်၊ ရေနံတွင်းတူးတဲ့အခါမှာအသုံးပြုတဲ့လွန်တွေကိုလည်း စိန်တွေနဲ့ပဲတပ်ဆင်ပြုလုပ်ထားတာဖြစ်ပါတယ်၊ ဒ့ါအပြင် ခွဲစိတ်ကိရိယာတွေကိုလည်း စိန်နဲ့ပြုလုပ်လေ့ရှိပါတယ်၊ စိန်ထိပ်ဖူးတပ်ခွဲစိတ်ကိရိယာတွေကို အသုံးပြုခြင်းက အသားမျှင်တွေကို ပေါက်ပြဲတာမျိုးတွေမဖြစ်စေပဲ တိတိရိရိရှိတာကြောင့် မျက်လုံးအတွင်းတိမ်ကိုခွဲတဲ့အခါ စိန်ထိပ်ဖူးတပ် ခွဲစိတ်ကိရိယာတွေကို အသုံးပြုကြတာဖြစ်ပါတယ်။


အချုပ်အနေနဲ့ဆိုရရင် ‌ကျောက်မြတ်ရတနာများစွာထဲကမှ စိန်တွေဟာလူတို့ို့လူမှုဘဝကို လှပတင့်တယ်လို့ ဂုဏ်မြင့်စေရုံသာမက သူ့ရဲ့မာကြောတဲ့ဂုဏ်သတ္တိကြောင့် လူတို့ရဲ့များစွာသောလုပ်ငန်းဆောင်တာတွေအထောက်အကူဖြစ်စေပြီး လူမှုပတ်ဝန်းကျင်ကိုများစွာမှအကျိုးပြုစေတယ်လို့ဆိုနိုင်ပါတယ်၊ ဒါ့ကြောင့် လူမှုပတ်ဝန်းကျင်ကိုများစွာမှအကျိုးပြုစေတဲ့ရတနာလို့ပြောရင် သဘာဝတွင်းထွက် စိန်တွေဟာ မပါမဖြစ်တဲ့ ရတနာအဖြစ်နှစ်ပေါင်းများစွာဖြစ်တည်နေဦးမယ်ဆိုတာ အမှန်ပါပဲ။

Recent Blogs

Blog Image
Oct 29th, 2024 ပလက်တီနမ် (Platinum) ဟာ မီးခိုးဖြူရောင်ရှိပြီးသိပ်သည်းဆများတဲ့ ရှားပါးသတ္တုတစ်မျိုးဖြစ်ပါတယ်။
Blog Image
Oct 29th, 2024 အထင်ရှားဆုံးစိန်ဖြစ်တဲ့ ကမ္ဘာ့အကြီးမားဆုံး Cullinan Diamond ကြီးကို 1905 ခုနှစ်တွင် ပရီးမီးယား (Premier Mine) တွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်