စိန်အကြောင်း သိမှတ်ဖွယ်ရာ အပိုင်း (၁)

Blog Image

စိန်အကြောင်းသိမှတ်ဖွယ်ရာ အပိုင်း (၁)


ကမ္ဘာပေါ် မှာ ကျောက်အမျိုးအစားပေါင်း (၁၂၀) ကျော်ရှိတဲ့အနက် စိန်ဟာအဖိုးမဖြတ်နိုင်တဲ့ ကျောက်မြတ်ရတနာထဲ တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။


  • “စိန်” ဆိုတဲ့ စကားလုံး ဖြစ်ပေါ်လာပုံ


စိန်ဆိုတဲ့ စကားလုံးဟာ အနိုင်ယူ၍မရသော၊အရှုံးမပေးသော (Unconquerable) လို့အဓိပ္ပါယ်ရပြီး ဂရိဘာသာစကား “Adamas” ကနေဆင်းသက်လာတာဖြစ်ပြီး “Diamas” ကနေ “Diamond” ဖြစ်လာတာဖြစ်ပါတယ်။


  • စိန်ထွက်ရှိရာဒေသများ 


စိန်ကို အစောဆုံးတွေ့ရှိခဲ့တဲ့အချိန်ကတော့ ခရစ်တော်မပေါ် မှီ လွန်ခဲ့သောနှစ်ပေါင်း (၄၀၀) ခန့် (4th Century BC) ကလို့ခန့်မှန်းခဲ့ကြပြီး အိန္ဒိယနိုင်ငံ၊ ရိုလ်ကွန်ဒါအရပ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်၊ 1725 ခုနှစ်၊ Brazil နိုင်ငံမှာ စိန်ကိုတွေ့ရှိခဲ့ပေမယ့်လည်း လူတွေလိုအပ်တဲ့ Demand ကိုကာမိအောင်မထွက်ခဲ့ပါဘူး။ 18th ရာစုအထိကို အိန္ဒိယနိုင်ငံကသာလျှင် စိန်အမြောက်အများထွက်ရှိရာတစ်ခုတည်းသောနိုင်ငံဖြစ်ခဲ့ပါတယ်။


လက်ရှိကမ္ဘာမှာရနေတဲ့ စိန်တွေအများစုကို  အာဖရိကတိုက် တောင်ပိုင်းကရရှိတာဖြစ်ပြီးအခြားသော စိန်ထွက်ရှိရာနိုင်ငံတွေကတော့ Russia, Angola, Brazil, Canada, Australia, Botswana, America တို့ပဲဖြစ်ပါတယ်။ 

  • စိန် ဖြစ်ပေါ်လာပုံ


စိန်တွေဟာ အစိုင်အခဲဘဝမရောက်ခင် အလွန်ကြီးမားတဲ့အပူရှိန်ကြောင့် အရည်ဘဝဖြစ်တည်ပါတယ်၊ အရည်ဘဝဖြစ်တည်ချိန်မှာ အလွန်ကြီးမားတဲ့ဖိအားသက်ရောက်မှုကြောင့် မည်းနေတဲ့ကာဗွန် (Carbon) ဘဝကနေ အဖိုးတန်စိန်ဘဝကိုပြောင်းလဲလာတာဖြစ်ပါတယ်။ 


စိန်တွေအများစုဟာ ကမ္ဘာမြေကြီးရဲ့ အနက် ကီလိုမီတာ (၁၅၀ မှ ၂၅၀) ၊ မိုင်နဲ့ဆိုရင် (၉၃ မိုင်နဲ့ ၁၅၅ မိုင်ကြား) မှာဖြစ်တည်လေ့ရှိပါတယ်၊ စိန်တစ်ပွင့်ဖြစ်တည်လာဖို့ (Pressure) ဖိအားအနေနဲ့ဆိုရင် ကမ္ဘာမြေ မျက်နှာပြင်ရဲ့ ဖိအား အဆ (၄၅၀၀၀) ကနေ (၆၀၀၀၀) ကြား၊ Kilobars အနေနဲ့ဆိုရင် 45 နှင့် 60 ကြားမှာရှိရပါမယ်၊ ကာဗွန်ဘဝကနေ အဖိုးတန်စိန်ဘဝကိုပြောင်းလဲဖို့ဆိုရင် အပူချိန် 900 - 1300  Degree Celsius ကြားရှိရပါမယ်။


စိန်တစ်ပွင့်ဖြစ်ပေါ် လာဖို့ဆိုရင် နှစ်ပေါင်း (၁) ဘီလီယံ ကနေ (၃.၅) ဘီလီယံ အထိကြာတတ်ပါတယ်၊ စိန်မှာဆိုရင် ကာဗွန်ဒြပ်စင်ပါဝင်မှုဟာ (၉၉.၉၅ %) ပါဝင်ပြီး ကျန်တဲ့ (0.05 %) ကတော့ သဘာဝအတိုင်းပါဝင်တဲ့ Trace Elements လို့ခေါ်တဲ့ အောင်းဝင်ပစ္စည်းတွေဖြစ်ပါတယ်။ D Colour (Flawless) တစ်ပွင့်ရရှိဖို့ဆိုရင် Kimberlite ကျောက်ရဲ့ တန်ချိန် (၁) သိန်းမှာမှတစ်ပွင့်လောက်သာရရှိနိုင်တာကြောင့် ရှားပါးပြီးအဖိုးမဖြတ်နိုင်တဲ့ ကျောက်မြတ်ရတနာအဖြစ် သတ်မှတ်ထားကြတာဟာ ယနေ့အချိန်ထိတိုင်အောင်ပဲဖြစ်ပါတယ်။


စိန်အကြောင်း သိမှတ်ဖွယ်ရာ အပိုင်း (၂) ဖတ်ရှုရန် - https://www.morenmorejewellery.com/mktblogs/seinakyawin_thimhatpaweyaa_apoin_2







Recent Blogs

Blog Image
Oct 29th, 2024 ပလက်တီနမ် (Platinum) ဟာ မီးခိုးဖြူရောင်ရှိပြီးသိပ်သည်းဆများတဲ့ ရှားပါးသတ္တုတစ်မျိုးဖြစ်ပါတယ်။
Blog Image
Oct 29th, 2024 အထင်ရှားဆုံးစိန်ဖြစ်တဲ့ ကမ္ဘာ့အကြီးမားဆုံး Cullinan Diamond ကြီးကို 1905 ခုနှစ်တွင် ပရီးမီးယား (Premier Mine) တွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်