𝟏𝟖𝐤 𝐆𝐏 (𝐆𝐨𝐥𝐝-𝐏𝐥𝐚𝐭𝐞𝐝) အကြောင်းသိကောင်းစရာ

Blog Image

  • ďťż18k GP ဆိုတာ ?

𝟏𝟖𝐤 𝐆𝐏 ဆိုတာကတော့ 𝐆𝐨𝐥𝐝-𝐏𝐥𝐚𝐭𝐢𝐧𝐠 (ရွှေရောင်တင်) ထားတဲ့ အထည်တွေကိုခေါ်တာဖြစ်ပါတယ်။ တစ်နည်းဆိုရရင် 𝐁𝐚𝐬𝐞 𝐌𝐞𝐭𝐚𝐥 လို့ခေါ်တဲ့ ကြေးနီ၊ ကြေးဝါ၊ ငွေ၊ နီကယ် အစရှိတဲ့ သတ္တုတစ်မျိုးမျိုးပေါ်မှာ Electroplating နည်းပညာဖြင့် အလွန်ပါးလွှာတဲ့ ရွှေလွှာပါးပါးလေး ဖုံးအုပ်ထားတဲ့ အထည်မျိုးလို့ ဆိုနိုင်ပါတယ်။


  • 18k GP á€á€˝á€ąá€€ တာရှည်ခံလား ?

18k GP တွေမှာ ရွှေပါဝင်မှု အနေနဲ့ဆိုရင် (0.05 %) ရာခိုင်နှုန်းမျှသာ ပါဝင်ပါတယ်။ ရွှေပါဝင်မှု အချိုးအစား အင်မတန်မှနည်းပါးလွန်းတာကြောင့် ရေရှည်မှာ အရောင်ကျလွယ်ပါတယ်။ 


  • 18k GP ကိုဝယ်တော့မယ်ဆို ဘာတွေသိထားသင့်လဲ ? 

18k GP တွေဟာ ရွှေထက် သတ္တုပါဝင်မှုပိုများတာကြောင့် ဈေးနှုန်းအားဖြင့်‌ဆိုရင် ရွှေထည်အစစ်တွေ ထက်ပိုမိုသက်သာပါတယ်။ ဒါ့အပြင် ရွှေထည်အစစ် (18k Solid Gold)  နီးပါးတူတာကြောင့် မှားယွင်းစွာ ဝယ်ယူမှုတွေကိုလည်း တွေ့ရပါတယ်။ 18k GP တွေရဲ့လူသိနည်းတဲ့ ဆိုးကျိုးတွေကတော့ သတ္တုနဲ့ဓာတ်မတည့်တဲ့ သူတွေမှာ Allergy ဖြစ်တတ်တာပါပဲ။


နောက်ထပ်သိထားရမယ့်အချက်ကတော့ 18k GP တွေမှာ ရွှေထည်အစစ် (18k Solid Gold) တွေနဲ့ မှားယွင်းရောထွေးစေနိုင်တဲ့ စကားလုံးများ၊ အမှတ်တံဆိပ်များ ပါဝင်နေတတ်တာပါပဲ။ ဒါကြောင့် 18k ရွှေဖြူတွေကို ဝယ်တော့မယ်ဆိုရင် ရောင်းမှား၊ ဝယ်မှား မဖြစ်စေဖို့ 18k GP အကြောင်းလေးကို ရွှေဖြူချစ်သူတို့ အသိသုတရရှိစေဖို့ မျှဝေလို့ တင်ဆက်ပေးလိုက်ရပါတယ်။


18k (Gold-Filled) အကြောင်းဖတ်ရှုရန် - https://www.morenmorejewellery.com/mktblogs/18k_gf_gold_filled_k_18k_gp_gold_plated_ne_baakwale



Recent Blogs

Blog Image
Oct 29th, 2024 ပလက်တီနမ် (Platinum) ဟာ မီးခိုးဖြူရောင်ရှိပြီးသိပ်သည်းဆများတဲ့ ရှားပါးသတ္တုတစ်မျိုးဖြစ်ပါတယ်။
Blog Image
Oct 29th, 2024 အထင်ရှားဆုံးစိန်ဖြစ်တဲ့ ကမ္ဘာ့အကြီးမားဆုံး Cullinan Diamond ကြီးကို 1905 ခုနှစ်တွင် ပရီးမီးယား (Premier Mine) တွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်