ရွှေဖြူမှာပါတဲ့ 18k (Karat) ရဲ့ အဓိပ္ပါယ်
ဒီနေ့မှာတော့ 18k White Gold မှာပါတဲ့ “ 18k ” အကြောင်းလေးကိုအနည်းငယ်မျှဝေပေးချင်ပါတယ်။လူတော်တော်များများဟာ 18k / 18k ဆိုပြီးအလွယ်တကူသုံးနှုန်းနေကြပေမယ့် 18k ဆိုတာဘာလဲလို့မေးရင်တော့ ရွှေဖြူလို့ပဲများသောအားဖြင့်သိကြပါတယ်၊ ရွှေဖြူမှာပါတဲ့ 18k အကြောင်းကိုတော့ လူအနည်းငယ်လောက်သာသိကြပါတယ်၊ တကယ်တော့ 18k ဆိုတာ ရွှေဖြူမှာ Pure Gold (75%) Karat ပါဝင်တာကိုအစွဲပြုပြီး 18k လို့အလွယ်ခေါ်ကြတာဖြစ်ပါတယ်။
18k မှာပါတဲ့ “K” ကို ကာရတ် (Karat) လို့ခေါ် ပြီး ရွှေရဲ့အလေးချိန်ကိုတိုင်းတာတဲ့အခါမှာ အသုံးပြုတဲ့ယူနစ်တစ်ခုဖြစ်ပါတယ်၊ ဒ့ါကြောင့် “K” ကာရတ် (Karat) ကို ရွှေဖြူမှာပါဝင်တဲ့ Pure Gold ပမာဏကို ဖော်ပြတဲ့ ကာရတ်(Karat) ချိန်ကိုပြောတာလို့ မှတ်ယူထားလို့ရပါတယ်၊ ရွှေဖြူမှာဆိုရင် Pure Gold ပါဝင်မှုအပေါ် မူတည်ပြီး 18k / 14k / 10k ဆိုပြီး ခွဲခြားထားပါတယ်၊ မြန်မာနိုင်ငံမှာတော့ 18k နဲ့ 14k ကိုသာတွေ့နိုင်ပါတယ်၊ 18k ကို (750) လို့ခေါ် ပြီး 14k ကို (585) လို့လည်း ခေါ် ဝေါ် ကြပါတယ်။
18k နဲ့ 14k ဘာကွာလဲ ?
14k က Metal တွေများတာကြောင့် ပိုပြီးအကြမ်းခံပေမယ့် Pure Gold (58.3%) သာပါဝင်တာကြောင့် အရည်အသွေးပိုင်းမှာ အားနည်းသွားပါတယ်၊ ဒါ့ကြောင့် Quality ကိုဦးစားပေးတဲ့ သူတွေအတွက်တော့ အဆင်မပြေလှတာအမှန်ပါပဲ။
18k က 14k လောက်တော့ အကြမ်းမခံပေမယ့် Metal (25%) နဲ့ရောစပ်ထားတာကြောင့် Daily Life မှာ ဝတ်ဆင်ဖို့ဆိုရင် သင့်တင့်လုံလောက်တဲ့ အကြမ်းခံမှုရှိတယ်လို့ပြောနိုင်ပါတယ်၊ ဒီဇိုင်းဆန်းဆန်းလေးတွေကိုမှကြိုက်တဲ့သူတွေအတွက်ဆိုရင် 18k ဟာ ဒီဇိုင်းဆန်းတွေခတ်လုပ်ဖို့အသင့်တော်ဆုံးရွှေရည်အချိုးအစားရှိပါတယ်၊ ဒါ့အပြင် Pure Gold ပါဝင်မှုများတာကြောင့်လည်း Quality ကိုဦးစားပေးတဲ့ သူတွေအနေနဲ့ ယနေ့အချိန်ထိတိုင်အောင်ကိုအကြိုက်တွေ့နေရတာဖြစ်ပါတယ်။
အချုပ်ဆိုရရင် 18k တွေကို ဒီဇိုင်းလက်ရာဆန်းသစ်ပြီး အရည်အသွေးပိုင်းကောင်းမွန်တာကြောင့် ဇိမ်ခံပစ္စည်းတစ်ခုအဖြစ် ဝတ်ဆင်နေကြတာဟာ ယနေ့အချိန်ထိတိုင်အောင်ပါပဲ။