| Reference Number | : | SD - 123 |
|---|---|---|
| Business | : | ပလက်တီနမ်နှင့် စိန်ဆိုင် |
| Number of Openings | : | (၄) ဦး |
| Gender | : | ကျား/ မ |
| Department | : | Platinum Jewel Department |
| Duty Station | : | လမ်းမတော်ပလာဇာ၊ Junction City(ဗိုလ်ချုပ်ဈေးသစ်) နှင့် စံရိပ်ငြိမ်ဂမုန်းပွင့်ရှိ အရောင်းဆိုင်များတွင် |
| Work Time | : | နံနက် ၉း၀၀ နာရီ မှ ညနေ ၅း၃၀ အထိ (တာဝန်ကျသည့်ဆိုင် အနေအထားအရ အလုပ်ချိန်အပြောင်းအလဲ အနည်းငယ် ရှိနိုင်ပါသည်။) |
| Work Days | : | ရက်သတ္တ(၁)ပတ်လျှင် (၆)ရက် |
| Holidays | : | ရက်သတ္တ(၁)ပတ်လျှင် (၁)ရက် |
| Salary Allowance | : | Ks 350,000 ++ |
| Opening Date | : | 29 May,2025 |
| Closing Date | : | 31 Aug,2025 |
Requirement
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ(သို့) ကျောင်းကိစ္စကင်းရှင်းသူ ဖြစ်ရပါမည်။
- အသက် (၂၀)နှစ်မှ (၂၈)နှစ်အတွင်း ဖြစ်ရပါမည်။
- အရောင်းလုပ်ငန်းအား အမှန်တကယ်စိတ်ဝင်စားသူများ လျှောက်ထားသင့်ပါသည်။
- ရုပ်ရည်သင့်တင့်သူ၊ စကားပြောပြေပြစ်ပြီး သွက်လက်ချက်ချာစွာ ဆောင်ရွက်တတ်သူ၊ ရိုးသားသူ ဖြစ်ရပါမည်။
- မိမိ၏အကျင့်စာရိတ္တနှင့် ပတ်သက်၍ မိဘ/အုပ်ထိန်းသူမှ အာမခံချက်ပေးနိုင်သူ ဖြစ်ရပါမည်။ (လုပ်ငန်းအတွေ့အကြုံ မရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။)
Job Description
- လစဉ် မိမိတို့အရောင်းဆိုင်အား ပေးအပ်ထားသော အရောင်းရည်မှန်းချက်များ ပြည့်မီရေး အတွက်ဆောင်ရွက်ရပါမည်။
- ဝယ်သူဖောက်သည်များအား ကောင်းမွန်စွာဆက်ဆံခြင်း၊ စိတ်ကျေနပ်စေရေးအတွက် ဝန်ဆောင်မှုပေးရမည်ဖြစ်ပါသည်။ ဝယ်သူဖောက်သည်များအား လက်ဝတ်ရတနာထည်များအကြောင်း ရှင်းပြခြင်း၊ သိလိုသည်များကို ဖြေကြားခြင်း၊ ဆိုင်၏ဝန်ဆောင်မှုများကို ပြောကြားခြင်းများကိုဆောင်ရွက်ရမည်။
- ဝယ်သူဖောက်သည်များ၏ လိုအပ်ချက်ကိုသေချာနားထောင်ပြီး ကူညီဆောင်ရွက် ရောင်းချရမည်။
- ဝယ်သူဖောက်သည်များ၏ ဝယ်ယူပြီးသည့် ကုန်ပစ္စည်းများကိုပို့ဆောင်ရန်လိုအပ်ပါက ပို့ဆောင်ပေးရန် ညှိနှိုင်းဆောင်ရွက် ပေးရမည်။
- ဝယ်သူဖောက်သည်များ ဝယ်ယူပြီးသော လက်ဝတ်ရတနာထည်များ အဆင်ပြေမှုရှိ/မရှိ ဖုန်းဆက်မေးမြန်းရမည်။
- ဆိုင်တွင်းဆိုင်ပြင် သန့်ရှင်းသပ်ရပ်စေရေးအတွက် လုပ်ဆောင်ရပါမည်။ ခင်းကျင်းပြသထားသော ပစ္စည်းများ သန့်ရှင်း သပ်ရပ်ပြီး စနစ်တကျရှိစေရန် လုပ်ဆောင်ရပါမည်။
- ဆိုင်တာဝန်ခံ/အထက်လူကြီးများက ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရပါမည်။ လုပ်ငန်းလိုအပ်ချက်အရ အရောင်းဆိုင်နှင့် ပက်သက်သော ကိစ္စရပ်များကို ပါဝင်ကူညီလုပ်ဆောင်ရမည်။
- အခါအားလျော်စွာပြုလုပ်သော အရောင်းမြှင့်တင်ရေးအစီအစဉ်များတွင် အရောင်း၊ ခင်းကျင်းမှု၊ ကြော်ငြာခြင်းများတွင် တက်ကြွစွာပါဝင်ရမည်။
- ရောင်းချသောကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး ဗဟုသုတ(Product Knowledge)များကိုသိရှိ လေ့လာသင်ယူရမည်။ (အထက်ဖော်ပြပါ အလုပ်တာဝန်များသည် ရည်ညွှန်းချက်တစ်ရပ်သာဖြစ်ပြီး လုပ်ဆောင်ရမည့်အလုပ်တာဝန်အားလုံး ပါဝင်သည်ဟု မဆိုနိုင်ပါ။)