| Reference Number | : | SD - 122 |
|---|---|---|
| Business | : | ပလက်တီနမ်နှင့် စိန်ဆိုင် |
| Number of Openings | : | (၂) ဦး |
| Gender | : | ကျား/ မ |
| Department | : | Platinum Jewel Department |
| Duty Station | : | မန္တလေးမြို့။ |
| Work Time | : | နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၃၀) အထိ |
| Work Days | : | ရက်သတ္တ(၁)ပတ်လျှင် (၆)ရက် |
| Holidays | : | ရက်သတ္တ(၁)ပတ်လျှင် (၁)ရက် |
| Salary Allowance | : | Ks 350,000 ++ |
| Opening Date | : | 23 May,2025 |
| Closing Date | : | 07 Jun,2025 |
Requirement
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရပါမည်။
- အသက် (၂၀)နှစ်မှ (၂၈)နှစ်အတွင်း ဖြစ်ရပါမည်။
- ရေရှည်လက်တွဲ၍ အလုပ်လုပ်ကိုင်နိုင်သူ၊ အရောင်းလုပ်ငန်းအား စိတ်ဝင်စားသူများ လျှောက်ထားသင့်ပါသည်။
- ရုပ်ရည်သင့်တင့်သူ၊ စကားပြောပြေပြစ်ပြီး သွက်လက်ချက်ချာစွာ ဆောင်ရွက်တတ်သူ၊ ရိုးသားသူ ဖြစ်ရပါမည်။
- မိမိ၏အကျင့်စာရိတ္တနှင့် ပတ်သက်၍ မိဘ/အုပ်ထိန်းသူမှ အာမခံချက်ပေးနိုင်သူ ဖြစ်ရပါမည်။(လုပ်ငန်းအတွေ့အကြုံ မရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။)
Job Description
- လစဉ် မိမိတို့အရောင်းဆိုင်အား ပေးအပ်ထားသော အရောင်းရည်မှန်းချက်များ ပြည့်မီရေးအတွက် ဆောင်ရွက်ရပါမည်။
- ဝယ်သူဖောက်သည်များအား ကောင်းမွန်စွာဆက်ဆံခြင်း၊ စိတ်ကျေနပ်စေရေးအတွက် ဝန်ဆောင်မှုပေးရမည် ဖြစ်ပါသည်။
- ဝယ်သူဖောက်သည်များအား လက်ဝတ်ရတနာထည်များအကြောင်း ရှင်းပြခြင်း၊ သိလိုသည်များကို ဖြေကြားခြင်း၊ ဆိုင်၏ဝန်ဆောင်မှု များကို ပြောကြားခြင်းများကို ဆောင်ရွက်ရပါမည်။
- ဝယ်သူဖောက်သည်များ၏ လိုအပ်ချက်များကို သေချာစွာ နားထောင်ပြီး ကူညီဆောင်ရွက်၍ ရောင်းချပေးရပါမည်။
- ဝယ်သူဖောက်သည်များ၏ ဝယ်ယူပြီးသည့် ကုန်ပစ္စည်းများကို ပို့ဆောင်ရန်လိုအပ်ပါက ပို့ဆောင်ပေးရန် ညှိနှိုင်းဆောင်ရွက်ပေးရပါ မည်။
- ဝယ်သူဖောက်သည်များ ဝယ်ယူပြီးသော လက်ဝတ်ရတနာထည်များ အဆင်ပြေမှုရှိ/မရှိကို ဖုန်းဆက်မေးမြန်းရပါမည်။
- ဆိုင်တွင်းဆိုင်ပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် လုပ်ဆောင်ရပါမည်။
- ခင်းကျင်းပြသထားသော ပစ္စည်းများ သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိစေရန် လုပ်ဆောင်ရပါမည်။
- ဆိုင်တာဝန်ခံ/အထက်လူကြီးများက ပေးအပ်ထားသောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရပါမည်။
- လုပ်ငန်းလိုအပ်ချက်အရ အရောင်းဆိုင်နှင့် ပက်သက်သော ကိစ္စရပ်များကို ပါဝင်ကူညီလုပ်ဆောင်ရပါမည်။
- အခါအားလျော်စွာ ပြုလုပ်သော အရောင်းမြှင့်တင်ရေးအစီအစဉ်များတွင် အရောင်း၊ ခင်းကျင်းမှု၊ ကြော်ငြာခြင်းများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ရပါမည်။
- ရောင်းချသော ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး ဗဟုသုတ(Product Knowledge)များကို သိရှိလေ့လာသင်ယူရပါမည်။
(အထက်ဖော်ပြပါ အလုပ်တာဝန်များသည် ရည်ညွှန်းချက်တစ်ရပ်သာဖြစ်ပြီး လုပ်ဆောင်ရမည့်အလုပ်တာဝန်အားလုံး ပါဝင်သည်ဟု မဆိုနိုင်ပါ။)