Reference Number : SD- E119
Business : ပလက်တီနမ်နှင့် စိန်ဆိုင်
Number of Openings : (၁) ဦး
Gender : ကျား/ မ
Department : Platinum Jewel Department
Duty Station : မန္တလေးမြို့။
Work Time : နံနက် ၉း၀၀ နာရီ မှ ညနေ ၅း၃၀ အထိ
Work Days : ရက်သတ္တ(၁)ပတ်လျှင် (၆)ရက်
Holidays : ရက်သတ္တ(၁)ပတ်လျှင် (၁)ရက်
Salary Allowance : Ks 350,000 ++
Opening Date : 10 May,2025
Closing Date : 24 May,2025

Requirement

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရပါမည်။
  • အသက် (၂၀)နှစ်မှ (၂၈)နှစ်အတွင်း ဖြစ်ရပါမည်။
  • ရေရှည်လက်တွဲ၍ အလုပ်လုပ်ကိုင်နိုင်သူ၊ အရောင်းလုပ်ငန်းအား စိတ်ဝင်စားသူများ လျှောက်ထားသင့်ပါသည်။
  • ရုပ်ရည်သင့်တင့်သူ၊ စကားပြောပြေပြစ်ပြီး သွက်လက်ချက်ချာစွာ ဆောင်ရွက်တတ်သူ၊ ရိုးသားသူ ဖြစ်ရပါမည်။
  • မိမိ၏အကျင့်စာရိတ္တနှင့် ပတ်သက်၍ မိဘ/အုပ်ထိန်းသူမှ အာမခံချက်ပေးနိုင်သူ ဖြစ်ရပါမည်။

(လုပ်ငန်းအတွေ့အကြုံ မရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။)





Job Description

  • လစဉ် မိမိတို့အရောင်းဆိုင်အား ပေးအပ်ထားသော အရောင်းရည်မှန်းချက်များ ပြည့်မီရေးအတွက် ဆောင်ရွက်ရပါမည်။
  • ဝယ်သူဖောက်သည်များအား ကောင်းမွန်စွာဆက်ဆံခြင်း၊ စိတ်ကျေနပ်စေရေးအတွက် ဝန်ဆောင်မှုပေးရမည် ဖြစ်ပါသည်။
  • ဝယ်သူဖောက်သည်များအား လက်ဝတ်ရတနာထည်များအကြောင်း ရှင်းပြခြင်း၊ သိလိုသည်များကို ဖြေကြားခြင်း၊ ဆိုင်၏ဝန်ဆောင်မှု များကို ပြောကြားခြင်းများကို ဆောင်ရွက်ရပါမည်။
  • ဝယ်သူဖောက်သည်များ၏ လိုအပ်ချက်များကို သေချာစွာ နားထောင်ပြီး ကူညီဆောင်ရွက်၍ ရောင်းချပေးရပါမည်။
  • ဝယ်သူဖောက်သည်များ၏ ဝယ်ယူပြီးသည့် ကုန်ပစ္စည်းများကို ပို့ဆောင်ရန်လိုအပ်ပါက ပို့ဆောင်ပေးရန် ညှိနှိုင်းဆောင်ရွက်ပေးရပါ မည်။
  • ဝယ်သူဖောက်သည်များ ဝယ်ယူပြီးသော လက်ဝတ်ရတနာထည်များ အဆင်ပြေမှုရှိ/မရှိကို ဖုန်းဆက်မေးမြန်းရပါမည်။
  • ဆိုင်တွင်းဆိုင်ပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် လုပ်ဆောင်ရပါမည်။ 
  • ခင်းကျင်းပြသထားသော ပစ္စည်းများ သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိစေရန် လုပ်ဆောင်ရပါမည်။
  • ဆိုင်တာဝန်ခံ/အထက်လူကြီးများက ပေးအပ်ထားသောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရပါမည်။ 
  • လုပ်ငန်းလိုအပ်ချက်အရ အရောင်းဆိုင်နှင့် ပက်သက်သော ကိစ္စရပ်များကို ပါဝင်ကူညီလုပ်ဆောင်ရပါမည်။
  • အခါအားလျော်စွာ ပြုလုပ်သော အရောင်းမြှင့်တင်ရေးအစီအစဉ်များတွင် အရောင်း၊ ခင်းကျင်းမှု၊ ကြော်ငြာခြင်းများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ရပါမည်။
  • ရောင်းချသော ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး ဗဟုသုတ(Product Knowledge)များကို သိရှိလေ့လာသင်ယူရပါမည်။

(အထက်ဖော်ပြပါ အလုပ်တာဝန်များသည် ရည်ညွှန်းချက်တစ်ရပ်သာဖြစ်ပြီး လုပ်ဆောင်ရမည့်အလုပ်တာဝန်အားလုံး ပါဝင်သည်ဟု မဆိုနိုင်ပါ။)